Wednesday, February 12, 2014
အပျိုစင်အား ဈေးဦးဖောက်ခြင်း
ထိုင်းဘာသာ စကားအရ" ပွတ်သောရီဆွတ်" မြန်မာလို "
အပျိုစင်အား ဈေးဦးဖောက်ခြင်း " ဟု ခေါ်တွင်တေသာ နယ်စပ်ဈေးကွက်၌
ထိုင်...
ပြည့်တန်ဆာအဖြစ် စေခိုင်းခံရသူ မြန်မာအမျိုးသမီး၁၀ဦးပါဝင် ၅ ဦးဟာ အသက်မပြည့်တဲ့သူတွေ ဖြစ်နေ (ရုပ်သံ)
ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှာ
ဒီဇင်ဘာ ၆ ရက်နေ့ညက ပြည့်တန်ဆာ
အဖြစ် စေခိုင်းခံရသူ မြန်မာအမျိုးသမီး
၁၀ဦးကို ကယ်တင်နိုင်ခဲ့ပြီး အဲဒီထဲက ၅
ဦးဟာ အသက်မပြည့်တဲ့
သူတွေ ဖြစ်နေပါတယ်။။ ဒေါ်ခင်မင်းဇော် သတင်းပေးပို့
Facebook သုံးသူတိုင်း ဖတ်သင့်ပါတယ်
Facebook က သင့် အကောင့်ကို Lock ချခြင်း Block ရခြင်း အကြောင်း များ
=====================================
အဓိက ကတော့ အခုလက်ရှိ အသစ်ဖွင့်ထားတဲ့ အကောင့်တွေကို ရည်ညွှန်းထားတာပါ။ အကောင့် အဟောင်းတွေကတော့ ဒီအချက်တွေ သိပ်လိုက်နာစရာ မလိုပါဘူး။ Facebook အသစ်ဖွင့်ပြီး ၃ရက် ၄ရက်လောက် နဲ့ လော့ကျတာတွေ ဖြစ်နေကြလို့ ဒီပိုစ်လေး ကိုဖတ်ပြီး ဆင်ခြင်နိုင်တာ ဆင်ခြင်နိုင်အောင် တားမြစ်ထားတာတွေကို ရှောင်နိုင်အောင် တင်ပေး လိုက်တာပါ။
အခု တင်ထားတဲ့ ပိုစ် ကစာကိုပဲ အကောင့်အသစ်သမားတွေ နိုင်သလောက် လိုက်နာနိုင်ရင်တော့ ၉၀% Lock ကျခြင်း Block ရခြင်း မှ ကင်းဝေးနိုင်ပါတယ်။ အောင်ခမ်း (TSJ team) မှ ရေးထားပေးတဲ့ ပိုစ်လေးပါ။ လိုအပ်တာတွေ ကို ကျနော် ထပ်ဖြည့်ထားပါတယ်။ မူရင်းမှ စာကို နဲနဲ ပြန်လည်ပြုပြင်ထား ပါတယ်။ Facebook သုံးနေသူတိုင်း ဖတ်သင့်တဲ့ ပိုစ်လေးပါ။ အောက်မှာ အပြည့်စုံ ဖတ်နိုင်ပါပြီ။
Facebook က သင့်ကို Lock ချခြင်း Block ရခြင်း အကြောင်း များ......... ========================================== - Friend အသားကုန် Add ခြင်း ------------------------------ Friend ဇွတ် Add ရင်လည်း Facebook က သူငယ်ချင်း Add ခွင့်ကို ရက်အတော်ကြာကြာ ပိတ်ပါတယ်။ နောက် မထင်ရင် မထင်ရင် သလို Message ပို့ခွင့်ပါ ရောယောင် ပိတ်ပါတယ်။
- Message ဇွတ်ပို့ခြင်း ----------------------- အပေါ်က ပြောတဲ့အထဲကလိုပဲ ပိတ်တတ်သလို၊ Page တွေ၊ မသိတဲ့ သူတွေ ဆီကို စာဇွတ်ပို့ရင်လည်း Facebook က စာပို့ခွင့်ကိုပါ Block လုပ်ပါတယ်။ ဒါကြောင့် Friend ဖြစ်ပြီးသား Like ပြီးသား Page တွေမှသာ စာပို့ တာစိတ်ချရပါတယ်။
- Like ဇွတ်လုပ်ခြင်း --------------------- ဒါက ဒီနောက်ပိုင်းက Facebook က ချမှတ်တဲ့ ပေါ်လစီထင်တယ်။ သူငယ်ချင်း တွေထဲမှာ တကယ်ပဲ Like လုပ်လို့ မရအောင် အပိတ်ခံရတာကို လက်တွေ့ မြင်လိုက်ရပါတယ်။ သူတို့က အသားကုန် Like လုပ်ကြတယ်လေ။ ဒါကြောင့် Like ကိုလည်း ပိတ်ပါတယ်တဲ့။ ဒါကြောင့် Like သင့်တာပဲ Like တာကောင်းပါတယ်။ ဒီအချက်ကတော့ အသစ်ဖွင့်ထားတဲ့ အကောင့်တွေမှပါ။ အကောင့်အဟောင်းက မဖြစ်ပါဘူး။
- Group အများအပြား ဝင်ခြင်း ------------------------------- User တစ်ယောက်ကို Group အခု ၂၀၀ ပဲ ဝင်ခွင့်ပေးပါတယ်တဲ့။ အဲဒါ မိုင်ကုန်ပါ။ အချို့ က အဲ့ဒီ မိုင်ကုန်ကို ကုန်အောင် ဝင်ကြပါတယ်။ ဟိုထဲလည်းပါ၊ ဒီထဲလည်းပါ ဆိုတော့ အကောင့် Log in တောင် တစ်ခါတစ်လေ ကျ ကွိုင်တတ်ပါတယ်တဲ့။
- နာမည်ရင်း အသုံးမပြုခြင်း ---------------------------- ဒါက ဒီလိုရှိပါတယ်။ ကိုယ်ရဲ့  IP တစ်ခု၊ အီးမေးလ်တစ်ခု ကနေ သွားတဲ့ နေရာတိုင်းမှာ အသုံးပြုတဲ့ User name ကို Track လုပ်ပါတယ်တဲ့။ ဒီအီးမေးလ်နဲ့ပဲ အခြား social network အမျိုးအစား တစ်ခုမှာ နာမည်တစ်မျိုး Facebook မှာ နာမည်တစ်မျိုးနဲ့ ဝင်တာမျိုးကို လက်မခံ ပါဘူးတဲ့။ ပုံသေတော့ မဟုတ်ပါဘူး။ နောက်တော့ ဘယ်လိုလာမလဲ မသိပါဘူး။
- Friend များလွန်းခြင်း ------------------------ Friend များလွန်းအားကြီးရင်လည်း ဖြစ်တတ်ပါတယ်တဲ့။ လက်ရှိ အသစ်ဖွင့်ထားတဲ့ အကောင့်တွေဖြစ်များပါတယ်။ ဒါကြောင့် သူများ အက်လာတာပဲ လက်ခံပါ။ ကိုအက်သွားရင် တနေ့ကို ၃ယောက်ထက် ပိုအက်ခွင့်မရှိပါဘူး။ ၃နှစ် ၄ နှစ်လောက်သုံးထားပြီးတဲ့အကောင့်ကတော့ ဒီအချက်ကို စိတ်ပူစရာမလိုပါဘူး။ User အဟောင်းဖြစ်တဲ့အတွက် ပါ။
- နေရာ ပြောင်းသုံးလွန်းခြင်း ----------------------------- ဒါကတော့ တကယ်လက်တွေ့ကို ကြုံနေရပါတယ်။ Facebook တင်မကပဲ G Talk တို့လို ဟာတွေလည်း ထိုနည်းတူစွာပါ။ မနေ့က ရန်ကုန် မှာ သုံးတယ်။ နောက်နေ့ စင်္ကာပူရောက်တော့ စင်္ကာပူမှာသုံးတယ်ဆိုရင် Facebook က အကောင့်ကို ကြိမ်းသေပိတ်ပါတယ်။ ပေးလာတဲ့ အကြောင်း ပြချက်က သင်ဟာ ဒီအကောင့် သုံးတဲ့သူ တကယ် ဟုတ်ရဲ့  လား တဲ့။ ပြီးတော့ Security Question တွေ ဇွတ်မေးတော့တာပဲ။ IP Address က ရန်ကုန်နဲ့ စင်္ကာပူ တူမှမတူတာကိုး။ fb အနေနဲ့ ဒီလို layer တစ်ခု ခံပေးထားတဲ့အပေါ် တော်တော်များများ ကွန်ပလိန့် မတက်ပါဘူး။
ဒီမှာ ကိုယ် အကြည့်များ၊အတွေ့များ၊ စကားအပြောများ၊ Like များ၊ comment များတဲ့ သူတွေရဲ့  ဓာတ်ပုံကိုရွေးခိုင်းတာမျိုးပါ။ ကိုယ့်အနေနဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်အားလို့ ဘယ်သူ့ကိုမှ မကြည့်ပါဘူးဆိုရင်တော့ အကောင့်ရဖို့က ခက်ခဲသွားပါမယ်။ အထူးသဖြင့် Friend များတဲ့ သူတွေ သတိပြုဖို့ပါ။
- Device ပြောင်းသုံးလွန်းခြင်း ------------------------------ ဒီနေ့ အင်တာနက်ဆိုင် တစ်ခုမှာ Windows XP စက်တစ်လုံးနဲ့ သုံးလိုက်တယ်။ ညနေလည်း ရောက်ရော အိမ်က Windows 7 နဲ့ ဖွင့်ပြီဆိုရင် သူကပြောပါပြီ။ သင့်အကောင့်ကို windows XP နဲ့ ရန်ကုန်မှာ ဘယ်သူသုံးသွားပါတယ်ဆိုတာမျိုးပေါ့။ ခဏခဏ အပြင်ထွက်သုံးဖြစ်တဲ့ သူတွေကိုတော့ မမေးပါဘူး။ အလေ့အထ မရှိတဲ့ အကောင့်တွေကိုဆိုရင် ဒီလိုပဲ ဖြဲခြောက်ပါတယ်။
- Poke လုပ်လွန်းခြင်း ----------------------- Poke အဓိပ္ပါယ်ရှင်းဖူးပြီးသွားပြီနော်။ မသိတဲ့ သူတွေ တစ်ယောက်နဲ့ တစ်ယောက် ခင်မင်မှုရအောင် အပျော်ဆော့လို့ရအောင် Poke ကို ထည့်ထားပေးတာလေ။ သို့သော် ဇွတ် Poke လွန်းရင် အကောင့်ကို ပိတ်ပါတယ်။ မြန်မာပြည်မှာတော့ လုပ်တဲ့သူ နည်းပါတယ်။
- Link များ ရှဲလွန်းခြင်း ------------------------ ဒါလည်း လက်တွေ့ကြုံရပါတယ်။ အကောင့်အသစ်မှာ အထူး သတိပြုရမှာဖြစ်ပါတယ်။ ညစ်ညမ်းတဲ့ ပိုစ်တွေ ပုံတွေ ကို လုပ်မိရင်တော့ ဖြစ်တတ်ပါတယ်။
- အသက် ၁၈ နှစ်မပြည့်သေးရင် -------------------------------- ဒါလည်း ဖြစ်တတ်ပါတယ်တဲ့။ အမှန်တော့ Facebook က အသက် ၁၈ မပြည့်လည်း သုံးလို့ရပါတယ်။ Under 13 အပေါ်မှာသာ အတားအဆီးတွေ ထားတာပါ။ သို့ပေမယ့် ၁၈ နှစ်အောက်တဲ့သူတွေလည်း သတိထားတဲ့။
- Report အလုပ်ခံရများရင် ---------------------------- ဒါကတော့ တော်တော်များများသိပါတယ်။ Account report အလုပ်ခံရ တာတို့၊ ဓာတ်ပုံ Report အလုပ်ခံရတာတို့၊ comment report အလုပ်ခံ ရတာတို့ အကြိမ်အရေအတွက် များလာရင် အကောင့်ကို Facebook က Block ဖို့ ကြိမ်းသေနေပါပြီ။ ဒီတော့ Security Question တွေ ဆက် တိုက် ဖြေရတော့မှာပေါ့။ ဒါတောင် ရက်တွက်ပြီး စောင့်ရပါသေးတယ်။
- အခြားအကြောင်းအရာများ ----------------------------- အတော်လေးများတယ်ဗျ။ သို့သော် အပေါ်ကဟာလေးတွေလောက် သိရင် လုံလောက်ပါတယ်။ တကယ့် အီးမေးလ်အသုံးမပြုတာတို့၊ Browser တစ်ခုထဲမှာပဲ ဒီအကောင့် ချက်ချင်းထွက် နောက်အကောင့် တစ်ခု ချက်ချင်းဝင်တာမျိုးတို့လည်း ကွိုင်တတ် တတ်ပါတယ်။ ဒီလောက်ဆို တော်ပါပြီ။ အားလုံး Facebook အကောင့် အပိတ်မခံရအောင် သိတာလေး မျှဝေ လိုက်ရပါတယ်။
အားလုံးအဆင်ပြေပါစေ.......။
ရခိုင်ပါတီခေါင်းဆောင်များ မလေးရှားတွင် သေနတ်ဖြင့်ပစ်ခံရသော်လည်း ထိခိုက်မှုမရှိ သောကြာနေ့၊ ဖေဖေါ်ဝါရီလ 07 ရက် 2014 ခုနှစ်
မလေးရှားနိုင်ငံရောက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်တို့ ကွာလာလမ်ပူ မြို့တော်အတွင်း မော်တော်ကားဖြင့် သွားလာနေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသော်လည်းထိခိုက်မှုမရှိဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းတို့က ဖေဖော်ဝါရီ ၆ရက်တွင် မဇ္ဈိမကို အတည်ပြုပြောကြားသည်။
“ဒဏ်ရာမရဘူး၊ စုစုပေါင်း ငါးချက် အပစ်ခံရတာပါ။ ကားတံခါးကို သုံးချက်၊ နောက်ဖုံးမှာ နှစ်ချက် ပါ။ ဒေါက်တာအေးမောင်စီးတဲ့ဖက်က မှန်ကွဲသွားတယ်”ဟု ဦးဇော်အေးမောင်က ပြောသည်။ ဖေဖော်ဝါရီ ၅ရက် မလေးရှားစံတော်ချိန် ည ၁၁နာရီ ၂၀ခန့်တွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး မည်သူမျှ ထိခိုက်မှုမရှိဟု ၎င်းက အတည်ပြုသည်။
အဆိုပါ ဖြစ်စဉ်ကို မလေးရှားရဲတပ်ဖွဲ့ထံတွင် အမှုဖွင့်ထားသည်ဟုလည်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ ရခိုင်တိုင်း ရင်းသားရေးရာ ၀န်ကြီးက ဆိုသည်။ “အခုသူတို့ကို လုံခြုံတဲ့နေရာမှာ ထားပြီးတော့ လုံခြုံရေးလည်း ယူထား ပါတယ်”ဟု ဦးဇော်အေးမောင်က ပြောသည်။
ရခိုင်ခေါင်းဆောင်များသည် မလေးရှားရောက် ရခိုင်လူမှု ကယ်ဆယ်ရေး အဖွဲ့(ARRC)၏ ဖိတ်ကြားမှုဖြင့် ဇန်နဝါရီလ ၂၈ရက် ကတည်းက ရောက်ရှိနေခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူ အဖွဲ့ဝင်၆ဦး ပါဝင်သည်။
“ကုန်တိုက်တစ်ခုက အထွက်မှာ လိုက်ပြီး ပစ်တယ်လို့ တစ်ဆင့်ကြားပါတယ်။ မနက်ဖြန် ပြန်ရောက်ပါလိမ့်မယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကပြောသည်။
ရခိုင်ခေါင်းဆောင်များ၏ မလေးရှားခရီးစဉ်တွင် ဒေါက်တာအေးမောင်နှင့် ဦးအေးသာအောင်တို့ အပါအဝင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီက ဦးစံကျော်လှ၊ ဦးနိုင်ကောင်းစံ၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရန်ကုန်တိုင်း ဥက္ကဋ္ဌ ဦးလှမြင့်၊ ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင် တို့လိုက်ပါသွားကြသည်။
ဖုန်ဆော့ဝဲလေးနဲ့ လွယ်ကူစွာ 2 လုံးထီကြည့်မယ်

11:34 PM
aunglaybc.blogspot.com
1 comment
ဆော့ဝဲကို
တော့ သေချာ အဆင်ပြေ အောင်လုပ်ပေး ထား ပါတယ်နော်
ကျွန်တော်လက်ကမျင်း
ထားတာလေး
ပါသဘောကျမယ် ထင်ပါတယ်အောက်မှာ ဒေါင်း ပါ
သုံး ကြည့်မလား ဒေါင်းမလားဒီကိုသွား
Tuesday, February 11, 2014
သန်းခေါင်စာရင်ကောက်ယူမှုနှင့်ပတ်သက်၍ ရှမ်းနီပါတီက ရှမ်းနီ ကျောင်းဆရာမများအားတွေ့ဆံ
ခိုင်ချိုမာ (ရှမ်းနီ) - ကချင်ပြည်နယ်၊
မိုးညှင်းခရိုင်၊ ဟိုပင်မြို့နယ်ခွဲ TNDP ရုံး၌ ယင်းမြို့နေထိုင်သူ
ရှမ်းနီပါတီနာယကများ၊ အဖွဲ့ဝင်များနှင့် ကျေးရွာ ၉ ရွာမှ ရှမ်းနီ
ကျောင်းဆရာမများက သန်းခေါင်စာရင်း ကောက်ခံမှုနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၉
ရက်နေ့က အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ရှမ်းနီပါတီက ရှမ်းနီလူမျိုးစုများကို သန်းခေါင်စားရင်းတွင် ရှမ်းနီဟုသာ ထည့်သွင်းပေးကြရန် ကျောင်းဆရာမများကို တွေ့ဆုံပြောကြားခဲ့ခြင်းဖြစ်သည်။
“ တိုင်းလျှန်ဆိုတာ ကုတ်နံပါတ်ရှိပြီးသား။ ကျွန်တော်တို့ ရှမ်းနီလူတွေက တိုင်းလျှန်ထဲမှာ ထည့်လိုက်ရင် တိုင်းလျှန် လူမျိုးအင်အားကြီးပြီး ရှမ်းနီ လူမျိုးတွေ ပျောက်သွားမှာပေါ့။ ဘယ်လို အခက်အခဲရှိပါစေ ရှမ်းနီလူမျိုးတွေ တညီတညွှတ်ထဲ စည်းလုံးညီညွှတ်ရမယ်။ သန်းခေါင်စာရင်းကောက်ချိန်မှာ ရှမ်းနီလို့ ထည့်သွင်းကြဖို့ ပြောကြားတာပါ” ဟု ဟိုပင် TNDP ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက စည်းဝေးပြုလုပ်ခြင်းကို ရှင်းပြသည်။
မတ်လ ၃၀ ရက်နေ့ ကောက်ခံမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ခံမှုတွင် ရှမ်းနီလူမျိုးစုသည် တိုင်းလျှန်လူမျိုးဖြစ်သည့် ကုတ်နံပါတ်တွင် ထည့်သွင်းမိရန် စိုးရိမ်နေကြကြောင်း ဆိုသည်။
“တိုင်းလျှန်ဆိုတာ ဘာသာပြန်ရင် ရှမ်းနီပါပဲ။ တစ်ချို့က ရှမ်းနီ လူမျိုးတွေ တိုင်းလျှန် လို့ထည့်ဖို့ ပြောဆိုကြတယ်။ ဒါကို ရှမ်းနီ ဆရာမများနဲ့ ဒွိဟ မဖြစ်ကြပါနဲ့။ ၂၀၁၄ သန်းခေါင်စာရင်းမှာ ရှမ်းနီလို့ပဲ ထည့်ပေးစေချင်တယ်” ဟု ဦးထွန်းထွန်းဦးက ပြောသည်။
ကချင်ပြည်နယ် ရှမ်းနီလူမျိုးနွယ်စုအဖွဲ့ ခေါင်းဆောင် ဦးစိုင်းထိန်လင်းက သန်းခေါင်စာရင်းတွင် ရှမ်းနီ ကုတ်မပါ၍ တိုင်းလျှန်လူမျိုးတွင် ထည့်စေချင်သည်ဟု ဆိုသည်။
“ရှမ်းနီက ၁၃၅ မျိုးမှာ မပါတဲ့ အတွက် အခြားဖြစ်သွားမှာ စိုးတယ်။ သံလမ်းရိုးတစ်လျှောက်လုံးက ဗမာလို့ မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ သူတွေဟာ တိုင်းလျှန်တွေပါပဲ။ ရှမ်းစကားတတ်တဲ့သူက ရှမ်းတွေက မှတ်ပုံတင်မှာ ဗမာလို့ထည့်ထားပေမယ့် သူတို့ကိုယ်သူတို့ တိုင်းလျှန်လို့ လက်ခံတယ်။ ရှမ်းစကားမတတ်တဲ့သူတွေက လက်မခံဘူး။ ရှမ်းနီပါတီက လူမျိုးဖွံ့ဖြိုးတိုးတက်ဖို့ လုပ်နေတာဆိုတော့ ကြားဝင်နေအုန်းမှာပဲ။ အခြားဖြစ်သွားရင် တိုင်းရင်းသားအခွင့်အရေး ဆုံးရှုံးမှာ စိုးလို့ပါ” ဟု သူ၏ အမြင်ကို ရှင်းပြသည်။
စည်းဝေးတက်ရောက်သည့် နန့်ရင်း ကျေးရွာမှ ရှမ်းနီ ဆရာမ ဒေါ်ငယ်ငယ်အောင်က “ကျွန်မတို့ လူမျိုးတွေက ဘိုးဘွားစဉ်ဆက် ဆင်းသက်လာတဲ့ လူမျိုးတွေပါ။ ရှမ်းနီလူမျိုးဟာ ရှမ်းနီလူမျိုးပါပဲ။ ရှမ်းနီကို တိုင်းလျှန်လို့ ထည့်လိုက်ရင် အခွင့်အရေး ဘယ်လိုရရ လူမျိုးတော့ အပျောက်မခံနိုင်ပါဘူး” ဟု ပြောသည်။
ကချင်ပြည်နယ်တွင် ရှမ်းနီလူမျိုး စုစုပေါင်း ၈ သိန်းခန့်ရှိသည်ဟု ရှမ်းနီပါတီမှ သိရသည်။

သန်းခေါင်စာရင်ကောက်ယူမှုနှင့်ပတ်သက်၍ ရှမ်းနီပါတီက ရှမ်းနီ ကျောင်းဆရာမများအားတွေ့ဆုံ

သန်းခေါင်စာရင်းပါပိုင်ဆိုင်မှုမေးခွန်းတွင် အခွန်ကောက်မည်ကိုစိုးရိမ်
စူးမလ်(ကန္တာရ၀တီတိုင်းမ်)။ ။၂၀၁၄
ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမည့် မေးခွန်း ၄၁ ချက်အနက် လူဦးရေ၊
အိမ်အကြောင်းအရာ မိမိပိုင်ဆိုင်မှုနှင့်သက်ဆိုင်သည့်မေးခွန်းများအတွက်
စိုးရိမ်စရာမလိုကြောင်းပြောကြားနေသော်လည်း ပြည်သူများက အခွန်ကောက်မည်ကို
စိုးရိမ်နေကြသည်။
ဝေါ်လာထွာရွာနေ ဇော်နိုင်က “အဲလိုကောက်တဲ့အချိန်မှာ သူတို့ကပစ္စည်း ပစ္စယတွေမေးတော့ နောက်ကျရင်အခွန်ကောက်မလား။ ဘာလို့လဲဆိုရင် အိမ်တိုင်းလိုလိုက အနည်းဆုံးလယ်လုပ်ဖို့ စက်တော့ရှိကြတာပဲလေ၊ အဲဒါပြောပြပြီးရင် သူတို့ အခွန်လာကောက်မလားလို့ စိုးရိမ်မိတယ်”ဟု ပြောသည်။
သန်းခေါင်စာရင်းကောက်ယူချိန်တွင် မိမိအိမ်တွင် ရှိသော ပိုင်ဆိုင်မှုကို မေးမြန်းပြီးပါက နောက်တစ်ချိန်တွင် အခွန်များ ပြန်လည်ကောက်ယူမည်ကို စိုးရိမ်နေကြောင်း ဇော်နိုင်က ဆိုသည်။
ကယားပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်မှူး ဦးခင်စိုးက “သန်းခေါင်စာ ရင်းကောက်ယူတာဟာ ပိုင်ဆိုင်မှုနဲ့မသက်ဆိုင်ပါဘူး။ ပိုင်ဆိုင်မှုကို သိချင်လို့မဟုတ်ပါဘူး။ လူနေမှုအဆင့် အတန်းတွေကို တို့တွေဘာတွေဖြည့်ဆည်းပေးရမှာလဲဆိုတာကိုသိချင်လို့ပေါ့နော်”ဟု ဆိုသည်။
သန်းခေါင်စာရင်းကောက်ယူပြီးချိန်တွင် ရရှိလာသော အချက်အလက်များကို ဥပဒေနှင့်လည်း အကာအကွယ် ပေး ထားကြောင်း ပြည်နယ်မှူးက ဆက်ပြောသည်။
ဇော်နိုင်က “ယခုလိုမျိုး အကြောင်းအရာတွေကို ကြိုသိထားရင် ကျနော်တို့ကို လာမေးတဲ့အခါကျရင်ဖြေဖို့အားရှိ တာပေါ့။ ကြိုမသိထားရင် စိုးရိမ်စိတ်တွေရှိတာပေါ့”ဟု ဆိုသည်။
မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စု ဝန်ကြီးဦးခင်ရီက “ပစ္စည်းတွေဘာရှိသလဲ ရေဒီယိုရှိသလား၊ တီဗီရှိသလားဘာရှိသလား ညာရှိသလားဆိုတာမေးမယ်။ အဲဒီမှာအခွန်ကောက်မလား။ မကောက်ဘူး။ ဒါဥပဒေစာအုပ်ထဲမှာပါတယ်” ဟု ဆိုသည်။
ထိုနောက် မေးမြန်းရာတွင် ရှိသလားဆိုသည့်မေးခွန်းသာမေးမြန်းပြီး အရေအတွက်၊ အမျိုးအစား၊ မည်ကရရှိ သလဲဆိုတာတွေကို မမေးကြောင်း ဝန်ကြီးက ပြောသည်။
ဈေးသည် ဒေါ်အုန်းကြည်က “သန်းခေါင်စာရင်းကောက်တာနဲ့ ပတ်သက်ပြီး ဘာမှမသိသေးဘူး။ တစ်ခါမှမလည်း အတွေ့အကြုံမရှိဘူး။ မေးလာမယ်ဆိုရင်တော့ အမှန်တိုင်းပြောမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ဒါပေမယ့် နောက်ကျရင် ကိုယ်ပြောထားတဲ့ဟာနဲ့ အခွန်တွေပြန်ကောက်မလားလို့ စိုးရိမ်တယ်”ဟု ဆိုသည်။
လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံသန်းခေါင်စာရင်းကောက်ယူမှုများကို ၁၉၇၃-၁၉၈၃-ခုနှစ်များတွင် ၂ ကြိမ်ကောက်ယူခဲ့ပြီးနောက် နှစ်ပေါင် ၃၀ အကြာတွင်၂၀၁၄ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းထပ်မံကောက်ယူခြင်း ဖြစ်သည်။

သန်းခေါင်စာရင်းကိစ္စ နိုင်ငံတော်သမ္မတထံ ချင်းအဖွဲ့စာပို့

နိုင်ငံတော်အစိုးရမှ စီစဉ်လျက်ရှိသော ၂၀၁၄
သန်းခေါင်စာရင်းကောက်ယူမည့်ကိစ္စတွင် ချင်းလူမျိုး အပါအ၀င် တိုင်း
ရင်းသားလူမျိုးများအတွက် ထိခိုက်နစ် နာနိုင်ဖွယ်ရာများ ပေါ်ထွက်လာနိုင်သည်
ဟု ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ဆိုင်ရာ ချင်းအမျိုးသားအထောက်အကူပြုအဖွဲ့က
နိုင်ငံတော် သမ္မတထံ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စာရေးသားပေး ပို့လိုက်သည်။
သန်းခေါင်စာရင်းကောက်ယူရာတွင် လူမျိုးအမည်အတွက် အသုံးပြုမည့် ကုတ်အမှတ်များ(Code numbers) ကို သတ်မှတ် ရာ၌ မျိုးနွယ်စုအမည်များ မှားယွင်းလွဲချော်နေခြင်း၊ မျိုးနွယ်စု အမည်မဟုတ်သည်များကို မျိုးနွယ်စု အမည် အဖြစ် ရေးသားဖေါ်ပြထားခြင်း၊ မျိုးနွယ်စုတစ်ခု တည်းကို ဒေသန္တရအခေါ်များဖြင့် နှစ်ကြိမ်၊ သုံးကြိမ်ဖေါ်ပြထားခြင်း၊ မျိုးနွယ်စု နှစ်ခုကို တစ်ခု တည်းအဖြစ် ရေးသားဖော်ပြထားခြင်း၊ မျိုးနွယ်စုအမည်မပါ ကျန်ရစ်ခဲ့ခြင်းများရှိနေသည် ဟု ချင်းအမျိုး သားအထောက် အကူပြုအဖွဲ့၏ နိုင်ငံတော်သမ္မတထံ ပေးပို့သော စာတွင် ဖော်ပြထားသည်။
ဗဟိုသန်းခေါင်စာရင်းကော်မရှင်မှ ပြုစုထားသော သန်းခေါင်စာရင်းဆိုင်ရာမေးခွန်းလွှာများတွင် ချင်းလူမျိုးများနှင့်ပတ် သက်ပြီး ကုတ်နံပါတ် ၄၀၅ တွင် ခူမီး(Khumi)ဟု ရေးရမည့်အစား ခမိ (Khami) ဟုမှားယွင်းရေးထားခြင်း၊ ကုတ်နံပါတ် ၄၀၃၊ ၄၂၅ နှင့် ၄၄၁ တွင် ဖော်ပြထားသော ဆလိုင်း၊ ထေးဇန်၊ လေးမြို့ စသည်တို့မှာ မျိုးနွယ်စုအမည်များ မဟုတ်ခြင်း၊ ကုတ်နံပါတ် ၄၀၄ တွင်ဖော်ပြထားသော ကလင်ကော့ မျိုးနွယ် နှင့် ကုတ်နံပါတ် ၄၄၀ တွင် ဖော်ပြထား သော လူရှည် မျိုးနွယ်တို့မှာ မျိုးနွယ်စုတစ်မျိုးတည်းသာဖြစ်သည်ဟု ချင်းအထောက်အကူပြုကော်မတီက ထောက်ပြ ထားသည်။
ထို့အပြင် ကုတ်နံပါတ် ၄၃၀ တွင်ဖော်ပြထားသော ဒိုင်(ယင်းဒူ) မျိုးနွယ်စုသည် မျိုးနွယ်စု တစ်ခု မဟုတ်ဘဲ အမှန်တွင် ဒိုင် နှင့် ယင်းဒူသည် မျိုးနွယ်စုတစ်ခုစီဖြစ်ကြောင်း၊ ကူကီးမျိုးနွယ်စု၊ ဇက်မျိုးနွယ်စုအမည်များ ကျန်ရစ်ခဲ့ခြင်းများရှိနေ ပြီး မြန်မာနိုင်ငံရှိတိုင်းရင်းသားလူမျိုးများ၏ ပကတိအဖြစ်မှန်နှင့်ကိုက်ညီမှန်ကန်မှုမရှိ သော လူမျိုး ၁၃၅မျိုးစာရင်းပါ ချင်းမျိုး နွယ်စု ၅၃ မျိုး စာရင်းကို အခြေခံ၍ အသုံးပြုရန်စီစဉ်ထားမှုသည် ချင်းလူမျိုးများအနေဖြင့် မိမိတို့၏ မျိုးနွယ်စု အမည်များနှင့် ကိုယ်ပိုင်အမျိုးသား ယဉ်ကျေးမှုလက္ခဏာများ၊ အခွင့်အရေးများ၊ ပျောက်ကွယ် ဆုံးရှုံးသွားမည်ကို အထူး စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း နိုင်ငံတော်သမ္မတထံ ပေးပို့သော စာတွင် ဖော်ပြထားသည်။
ကုတ်အမှတ် ၄၀၁ (Code 401) ပါ “ချင်း” ဆိုသည်မှာ လူမျိုး (Race) အမည်ဖြစ်ပြီး ကုတ် အမှတ်နှစ်ခု၊ သုံးခု [ဥပမာ - မေထေး/ကသည်း (Code 402)၊ နာဂ (Code 431)၊ တန်ကူ (code 432) စသည်တို့]ကလွဲလျင် ကျန် ကုတ်အမှတ်အားလုံးသည် ချင်းလူမျိုးအတွင်းရှိ မျိုးနွယ်စု (Tribe) အမည်များသာ ဖြစ်ကြောင်း၊ လူမျိုး အမည်နှင့်မျိုးနွယ်စုအမည်များကို အဆင့်အတန်းတူ သတ်မှတ်၍ စာရင်းကောက်ယူခြင်းအားဖြင့် ချင်းမျိုးနွယ်စုများ အချင်းချင်း ပဋ္ဋိပက္ခဖြစ်ပွား လာနိုင်ကြောင်း ယင်းတို့ ၏ စာတွင်ဖေါ်ပြထားသည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရာတွင် လက်ရှိအသုံးပြုမည့် ချင်းလူမျိုး ၅၃ မျိုးစာရင်းကို အခြေခံ၍ ကုတ်အမှတ်သတ်မှတ်ခြင်းသည် ချင်းလူမျိုးများအတွက် ပြည်စုံမှန်ကန်မှုမရှိ သည့် အပြင်၊ ချင်းမျိုးနွယ်စုအချင်းချင်း ကြားတွင် ပဋ္ဋိပက္ခများဖြစ်ပေါ်စေနိုင်သဖြင့်၊ ဗဟိုသန်းခေါင် စာရင်းကော်မရှင်အနေဖြင့် ချင်းတိုင်းရင်းသားအဖွဲ့အစည်း များနှင့် အလျင်အမြန်တွေ့ဆုံဆွေးနွေး ညှိနှိုင်းပြီးမှ သန်းခေါင်စာရင်းကောက်ယူရေးကိုဆောင်ရွက်ပေးရေး၊ သန်းကောင် စာရင်းကောက် ယူရာတွင် ‘ချင်း’ ဟူသည့်ကုတ်နံပါတ် ၄၀၁ ကို မထည့်သွင်းမိဘဲ မိမိတို့ ဒေသသုံး ချင်းမျိုးနွယ်စု အမည်တစ်ခုခုကို ထည့်သွင်းကြသူများအားလည်း ချင်းလူမျိုးစာရင်းထဲတွင်သာ ဆက်လက် ထည့်သွင်းပေးရေးနှင့် နိုင်ငံရပ်ခြားတွင် တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ အကြောင်းအမျိုး မျိုးကြောင့် ရောက်ရှိနေထိုင်နေကြသော ချင်းလူမျိုးများကို လာမည့်သန်းခေါင်စာရင်းကောက် ယူရာတွင် အဟန့်အတား၊ တရားစွဲဆိုအရေးယူခံရခြင်းများမရှိစေဘဲ စာရင်းသွင်းခွင့်ရရှိနိုင်ရေး အတွက် တပါတည်း တောင်း ဆိုထားသည်။
ထို့ အပြင် သန်းခေါင်စာရင်းကောက်ယူရာမှ ထွက်ပေါ်လာသည့်ရလဒ်တစ်ခုတည်းကိုသာ အခြေခံပြီး ချင်းမျိုး နွယ်စုအရေအတွက်ကို သတ်မှတ်ခြင်းမပြုလုပ်ပါရန်နှင့် ချင်းမျိုးနွယ်စုများ တိကျမှန်ကန်စွာ သတ်မှတ်နိုင်ရေးအတွက် ချင်းလူထုကိုယ်တိုင်ပါဝင်ဆောင်ရွက်ခွင့် အစီအစဉ် များချမှတ်ဆောင်ရွက်ပေးရေးနှင့် ချင်းလူမျိုးများအပါအ၀င် တိုင်းရင်းသားလူမျိုးများအနေဖြင့် လုံလောက်သော ကြိုတင်ပြင်ဆင်မှုရရှိနိုင်ရန် လိုအပ်ပါက သန်းခေါင်စာရင်း စတင်ကောက်ယူ မည့်နေ့ရက်ကို အနည်းဆုံး ရက်ပေါင်း (၃၀) ရွှေ့ဆိုင်းပေးရေးကိုလည်း ၄င်းတို့ ၏ စာတွင် ထပ်လောင်း တောင်းဆိုထားသည်။

Monday, February 10, 2014
သင့် HWH ဥုံ ဗားရှင်း (v4.4) နောက်ဆုံး
သင့် HWH ဥုံ ဗားရှင်း (v4.4) နောက်ဆုံး အသစ်ဖြစ်ရဲ့လား ဆန်းစစ်ပါ။ အကောင်းဆုံးပြုပြင်ထားလို့ နောက်ဆုံးဗားရှင်း ကို ရယူသုံးစွဲပါ။ အဆင်မပြေရင် hwhforandroid@gmail.com ကို ဆက်သွယ်ပါ
HWH
ဥုံဗာရှင်းသစ်များအားလွတ်လပ်ရေးနေ့(၄.၁.၂၀၁၄)
ရက်နေ့တွင် စတင်ဖြန့်ချီခဲ့ပါသည်။ Android အတွက် ၃မျိုး Windows
Computerများအတွက်
၁မျိုးဖြစ်သည်။ ၎င်းတို့မှာ
ပေါ့ပါးသွက်လက်၍
ပြည့်စုံတိကျသော Up to Second
လျှင်မြန်လှသောသတင်းသီးသန့်
ဆိုသူများအတွက် HWH ဥုံ News (v4.4) ဗားရှင်းဒီမှာရယူပါ။ Download
ဆွဲနည်းအထူးအသိပေးချက်တွင်ဖတ်ပါ။
(သို့)
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သုတ၊ရသ၊ကျန်းမာရေး၊နည်းပညာ၊
အလှအပ(18+
Official) အတွက် HWH ဥုံ Feel (v4.4)ဗားရှင်း ဒီမှာရယူပါ Download
ဆွဲနည်းအထူးအသိပေးချက်တွင်ဖတ်ပါ။
(သို့)
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မြန်မာဖောင့်
တလွဲပေါ်တတ်သောဖုန်းများ၊ Userစိတ်ကြိုက် ပြင်ဆင်ဖြည့်စွက်နိုင်သော
Sourceများအတွက်
HWH ဥုံ U (v3.3) ဗားရှင်းဒီမှာရယူပါ Download
ဆွဲနည်းအထူးအသိပေးချက်တွင်ဖတ်ပါ။
(သို့)
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Windows
Computer XP/7/8များ အတွက်ကတော့ဒီမှာရယူပါ Download ဆွဲနည်း
အထူးအသိပေးချက်တွင်ဖတ်ပါ။
အထူးအသိပေးချက်။ ။
၁။
Download Link များအားဥုံ Browserဖြင့်
မဖွင့်ဘဲသေချာစွာCopyကူးယူပြီးမိမိဖုန်း/Tabletထဲရှိအင်တာနက်ဖွင့်သုံးလေ့ရှိသောBrowser(
Browser/
Dolphin Browser/ Mozilla/ One Browser/ Light Browser/ Chrome
Browser)တစ်ခုခုသုံး၍
Downloadဆွဲပါက လုံးဝ အဆင်ပြေပါမည်။ ပုံဥပမာကြည့်လိုပါက
ဒီနေရာနှိပ်ပါ။
၂။ HWH ဥုံ
U (v3.3) ဗားရှင်းသုံးသူများသတင်းများထောင်ချီတတ် တတ်သောကြောင့်
သတင်းများဖတ်ပြီးတိုင်းဖုန်း/Tablet
အောက်ခြေရှိ ခလုတ်၃ခုမှ option ခလုတ်နှိပ်>>> Delete All ကို
နှိပ်ပေးပါ။
၃။
Windows Computer XP/7/8များတွင် Install မလုပ်မီ RAR ဖိုင်ဖြည်ပြီး Read
Me First
ကိုဖွင့်ပြီး ပြထားသည့် အတိုင်းတိကျစွာလုပ်ဆောင်ပါ။ကဏ္ဍအလိုက်ဖတ်ရန်
- မြန်မာသတင်းများ
- မှုခင်းသတင်းများ
- နိုင်ငံရေးသတင်းများ
- နိုင်ငံတကာသတင်းများ
- ကျန်းမာရေး
- အမျိုးသမီးကျန်းမာရေး
- အမျိုးသားကျန်းမာရေး
- ကျော်ကြားသူများသတင်း
- ဆောင်းပါးများ
- နည်းပညာသတင်းများ
- ဂျာနယ်များ
- ထူးဆန်းထွေလာ
- အားကစားသတင်းများ
- စီးပွားရေးသတင်းများ
- မှတ်သားရန်
- ရယ်စရာ၊ ဟာသ
- မုန်တိုင်းနှင့်ရာသီဥတုသတင်းများ
- အိမ်ခြံမြေသတင်းများ
- ကားသတင်းများ
- အလှအပရေးရာ
- အင်္ဂလိပ်စာလေ့လာရန်
- Phone သတင်း
- မလေးရှားသတင်း
- မြန်မာရုပ်သံလိုင်းများ
- သတင်းတိုများ
- တိုင်စာများ
- စင်္ကပူသတင်းများ
- အချက်အပြုတ်
- ပုံပြင်
- အကြံကောင်းများ
ဌာနအလိုက် သတင်းများ
- ဧရာဝတီ
- ဒီဗွီဘီ
- ဆေးပညာဆိုင်ရာဆောင်းပါးများ
- မြဝတီ
- စောင့်ကြည့်သတင်းဂျာနယ်
- နိရဉ္စရာ
- ဒေါက်တာ တင့်ဆွေ
- သျှမ်းသံတော်ဆင့်
- မြန်မာ့အလင်း သတင်းစာ
- ရန်ကုန် ရဲဌာန
- ပြည်သူ့လွှတ်တော်
- မြန်မာ့ နိုင်ငံရေး ဆောင်းပါးများ
- သစ်ထူးလွင်
- သက်တန့်ချို
- Good Health
- Health Updates Journal
- The Voice Weekly
- Eleven Media Group
- Mizzima Burmese
- TechSpace Journal
- RFA Burmese
- BBC Burmese
- 7Day News Journal
- Popular Journal
- People power
- Yangon Media Group
- Myanmar News Now
- Myanmar ICT News
- 7Day Daily
- VOA
- Kamayut Media
- Kayan Times
- ABC Radio Australia
- Internet Journal
- Myanma Age
- MOI Webportal Myanmar
- Trend Myanmar
- Yoyarlay
- ကြေးမှုံသတင်းစာ
သတင်းကဏ္ဍများ
- Myanmar-news
- crime-news
- political-news
- world-news
- health-news
- celebrity-news
- articles
- IT-news
- journals
- strange-news
- myanmar-business-news
- sport-news
- funny
- to-read
- weather-news
- woman-health
- myanmar-car-news
- myanmar-real-estate
- beauty
- mobile-phone-news
- man-health
- thai-news
- learn-english
- malaysia-news
- complaint-letter
- tips
- myanmar-tv-channel
- breaking-news
- cooking
- singapore-news
- education
- accident
- china-news
- religion
- story
- movie-news
Powered by Blogger.
လက်နက် တရားမဝင် သယ်ဆောင်သည့် မြောက်ကိုရီးယားသင်္ဘော ဒဏ်ငွေ ဒေါ်လာ ခြောက်သိန်း ပေးဆောင်
9:46 PM 0 comments
ပနားမားစီးတီး၊ ဖေဖော်ဝါရီ ၈ ကျူးဘားနိုင်ငံမှ လက်နက်များ
တင်ဆောင်လာသည်ကို ထုတ်ဖော် ကြေညာခြင်း မရှိဘဲ ပနားမား...
အပြည့်အစုံသို့ »
အပြည့်အစုံသို့ »
NLD အမျိုးသား ကျန်းမာရေး ကွန်ရက် ရန်ပုံငွေပွဲ၌ မိန့်ခွန်းပြောနေသော
ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – စိုင်းဇော်...
အပြည့်အစုံသို့ »
အပြည့်အစုံသို့ »
ထိုင်း ၀န်ကြီးချူပ်ဟောင်း သက်ဆင်နှင့် ထိုင်းအစိုးရ ၀န်ကြီးတချို့ ရန်ကုန်တွင် တွေ့မည်
9:43 PM 0 comments
ပြီးခဲ့သည့်နှစ် သင်္ကြန်ကာလက ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်ကို မစ္စတာ
သက်ဆင် အတာရေ လောင်းနေစဉ် (ဓာတ်ပုံ –...
အပြည့်အစုံသို့ »
အပြည့်အစုံသို့ »
မြဝတီမြို့က ပျော်တော်ဆက် လုပ်ငန်းတခုတွင် တွေ့ရသည့် မိန်းကလေးများ
(ဓာတ်ပုံ – ဧရာဝတီ) “ရာမတလုံးလောက် တင်...
အပြည့်အစုံသို့ »
အပြည့်အစုံသို့ »
၎ နှစ်ဗီဇာ သက်တမ်းကုန်နေပြီ ဖြစ်တဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နယ် တဝှိက်နဲ့ ပြည်နယ်တော်တော်များများမှာ...
အပြည့်အစုံသို့ »
အပြည့်အစုံသို့ »
ကျောင်းသား၊ ကျောင်းသူငယ်လေးတွေ အတွက်တော့ ကြောက်ရွံ့ထိတ်လန့်စရာ
အခါသမယပါပဲ။ လုံးဝအတိ နေကောင်းတဲ့ ခြင်္သေ့စာ ကျွေးဖို့အတွက် Marius...
အပြည့်အစုံသို့ »
အပြည့်အစုံသို့ »
သရုပ်ဆောင် Shia LaBeouf ဟာ အညိုရောင်စက္ကူအိပ်ကို ခေါင်းမှာစွပ်ပြီး
ဂျာမဏီမှာလုပ်တဲ့ သူ့ရဲ့ရုပ်ရှင်ဖွင့်ပွဲ ကိုတက်ရောက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့လက...
အပြည့်အစုံသို့ »
အပြည့်အစုံသို့ »
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် (၉၃) ရပ်ကွက်ရှိ
လယ်မြေများပေါ်တွင် ပုဂ္ဂလိက စီးပွားရေး ကုမ္ပဏီ...
အပြည့်အစုံသို့ »
အပြည့်အစုံသို့ »
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ ရွှေဆိုင် နှစ်ဆိုင်ကို တစ်ပြိုင်နက်
ဓားပြတိုက်ခံရမှုတွင် ကျူးလွန်သည့် တရားခံများထဲတွင် ပါဝင်သည်ဟု ယူဆရသူ...
အပြည့်အစုံသို့ »
အပြည့်အစုံသို့ »
မီးလောင်ပြင်ကိုကြည့်ရှုနေသော မိခင်ဆုံးရှုံးခဲ့သည့် ကလေးငယ်နှင့်
ရွာခံအချို့ ဓာတ်ပုံ - မျိုးမင်းဦး မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊
မင်းခေါင်ကျေးရွာတွင်...
အပြည့်အစုံသို့ »
အပြည့်အစုံသို့ »
၉.၂.၂၀၁၄ရက်နေ့၂၃၃၀အချိန် စက်ဆန်းနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သည်
ကြည်မြင်တိုင်မြို့နယ်၊ အလတ်ချောင်းရပ်ကွက်တွင် လင်မယား (၂)ဦး၊
မိမိကိုယ်ကို...
အပြည့်အစုံသို့ »
အပြည့်အစုံသို့ »
Subscribe to:
Posts (Atom)