HWH ဥုံ For Android / Windows

Monday, February 10, 2014

ဘင်္ဂလာဒေ့(ရှ်)မှ ရခိုင်မျိုးနွယ်စုဝင် ဒုက္ခသည်များ မောင်တောမြို့ သို့ရောက်ရှိ


ဘင်္ဂလာဒေ့(ရှ်)မှ  ရခိုင်မျိုးနွယ်စုဝင် ဒုက္ခသည်များ မောင်တောမြို့ သို့ရောက်ရှိ
                                                                        နေ့စွဲ-၄-၂-၂၀၁၄
          ရခိုင်မျိုးနွယ်စုဝင် ဒုက္ခသည်တစ်ချို့ သည် ဘင်္ဂလားဒေ့(ရှ်)နိုင်ငံမှ ပြောင်းရွှေ့ လာကြရာ ဒီနေ့မနက် နေ့လည် (၂) နာရီအချိန်လောက်တွင် ရခိုင်ပြည်နယ် မောင်တောမြို့ သို့ရောက်ရှိကြောင်း သတင်းရရှိပါသည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သပ်ပြီး မောင်တောမြို့ ပေါ်မှ ရပ်မိရပ်ဖ များကနေပြီး ၄င်းဒုက္ခသည်များကို ပါဆယ်ထမင်းထုတ် များ ကောက်ပြီးတော သူတို့ကို ကူညီစောင့်ရှောက်ပေးလျှက်ရှိကြောင်း သိရှိရပါသည်။ အဆိုပါဒုက္ခသည်များ မှာ စုစုအရေအတွက် အိမ်ခြေ (၅၅) အိမ်ထောင်စုပါရှိကြောင်း သိရပါသည်။ ထိုအထဲမှာ ဒုက္ခသည် အိမ်ထောင်စု (၃၀)ကို မောင်တောမြို့  ဗဟိုကျောင်းတိုက်၌ ယာယီထားရှိပြီး ကျန်အိမ်ခြေ (၂၅)အိမ်ကိုတော မောင်တောမြို့  (၄)မိုင်နေ တပ်ရင်း နယ်မြေ(၂)တွင် ထားရှိသည်ဟု  မြန်မာ (C.N.N) သတင်းဌါနမှ စုံးစမ်းသိ ရှိ ရပါသည်။ အဆိုပါ သတင်းများကို အပြည့်အစုံ ဆက်လက် ဖေါ်ပြ တင်ဆက် သွားပါမည်။ 

No comments:

Post a Comment